မာန်အောင်သဇင်ချစ်သူ မှ ကြိုဆိုပါသည်

Saturday 2 June 2012

မွေးရပ်ဌာနေ မာန်အောင်မြေသို့…..

မရောက်တာကြာပေမဲ့
သတိရမြဲပါ မွေးဌာနေ။
ငယ်စဉ်အခါက ပျော်ပါးခဲ့ရ
... သင့်ရင်ခွင်ပေါ်က
သူငယ်ချင်းများနဲ့တကွ
စိမ်းစိုစို အုန်းပင်တန်း။
 
ပင်လယ်ပြာပြာရဲ့ ရေလှိုင်းသံ၊
နွေးထွေးပျူငှာတဲ့ ပတ်ဝန်းကျင်တွေဟာ
ငါ့ဘဝ ငါ့ကမ္ဘာမှာ
မမေ့နိုင်စရာပါ။
သင့်ရင်ခွင် သင့်မြေပြင်က
သီးပင် စားပင်တွေကိုစားသုံး
ငါ့အသွေးငါ့အသက်ကိုဆက်
ငါ့ခန္ဓာ ကြီးထွားစေတဲ့အတွက်
ကျေးဇူးပဲ မေဃဝတီ။
 
ဒါပေမဲ့
အသက်အရွယ်ကြီးရင့်
ရေကြည်ရာမြက်နုရာ
ရှာဖွေရတဲ့အတွက်
သင့်ရင်ခွင် ကျောခိုင်းခဲ့ရတယ်လေ။
အခါအခွင့်သင့်ရင်ဖြင့်
သင့်ရင်ခွင်
နောက်တကြိမ် ပျော်မြူးခွင့်ရချင်တယ်။ ။
 
       စောငြိမ်းထွန်း(၂၁၊၅၊၂၀၁၂)

Saturday 18 February 2012

နောင်တရဲ့တပ်ခေါက်သံ

ဒါအပြစ်လား
တွေးဆမိတော့မှ
သွေးကြားကထွက်လာခဲ့တဲ့
ရင်ထဲ့ကအမှန်တရားတစ်ခု
လေပြေတွေဝင်ရိုတ်လို့
ကာရံတွေသံစဉ်မဲ့ခဲ့ရပြိ
လေဟာပြင်ထဲ့က
မုန်ဝါးဝါးလေပြေတစ်ခုပါ
အရှေ့လား အနောက်လား
ဒါမှမဟုတ်တောင်လားမြောက်လား
ဝေခွဲလိုသိခဲ့ချိန်မှာ
အကြွေစောခဲ့ပြိလေ
ဝေဒနာကိုကာရံတပ်ဖို့
လက်သေကိုရှာဖွေကြည့်တော့
အနောက်ယောဂ ယာကျွန်းကို
မှေးတင်လို့နေလေပြိ
ပူလောင်တဲ့ ရမက်တွေနဲ့
ခြေဖျက်ခွင့်ကို
ငေးမောမိတဲ့အခါ
ကြွေးကြော်သံ မျက်ရက်စက်ကို
အားနာမိတယ်လေ
ဒီလိုနဲ့နောက်ဆုတ်
လောကကြိုးဝိုင်းအလည်မှာ
သောကတွေရမက်ပွေလို့
မောဟတောင်ပံနှစ်ဘက်ကို
လေနှင်ရာခြေဆန့်ကာ
ပြေးထွက်ခဲ့ရလေပြီ ။  ။




                             
ထေရ(စကုကျွန်း)


Saturday 14 January 2012

မာန်အောင်ကျွန်းအလှ

စိမ်စိုစိုတောတန်းနှင့် ရစ်ဝန်းဖြာပင်လယ်၊
မာန်အောင်ဆိုတဲ့ ကျွန်းငယ်ရေ...။
တဘုတ်ဘုတ်အသံပေး ဟို......အဝေးကလာ
ရံဖန်ရံခါ ခုတ်မောင်းလာတဲ့ မေခ မလိခ သင်္ဘောတွေရယ်။
မိသားစု မိတ်သဟာ လာမည်ရေး ပြုံပျော်ခြင်းများစွာနဲ့
စောင့်မျော်နေကြတဲ့ လူသားတွေရယ်။
  ဒါတွေ အားလုံးကိုပေါင်စု သူနေရာနဲ့သူ အတူယှဉ်ကာ
ထားလိုက်တော့ လှပတဲ့ပန်းချီကား တစ်ချပ်ဖြစ်သွားပြီပေါ့...။

အချစ်အတ္ထုတ်ပတ်နှင့်သူသဘော


လောကကို
အနုသယနယ်မြေဖြစ်လာဖို့
သမုဒယက အစပျိုးခဲ့တယ်။
အဲဒီအချိန်မှာ
ကျောက်ခေတ်လူသားတွေရဲ့
နှလုံးသားထဲမှာ
အချစ်သန္ဓေတည်ခဲ့တယ်။
အကြင်နာလက်သည်တွေလည်း
အချစ်ကို
လွတ်လပ်စွာမွေးဖွားပေးစေခဲ့တယ်
အဲဒီအချိန်ကစပြီး
အချစ်က ကမ္ဘာကြီးကို ရှင်သန်စေခဲ့တယ်။
ဒါကြောင့်လူသားတိုင်း အချစ်ရှိတယ်
အချစ်သူတိုင်း ခံစားဖူးတယ်
ကြွေကွဲဖူးတယ်
လွမ်းဆွေးဖူးတယ်
ဝန်ကျင်ကပစ်ပေါက်လိုက်တဲ့
စကားလုံးတွေကြားထဲ
အချစ်ကသေဆုံးသွားတာရှိတယ်
မပြည့်စုံခြင်းကံတရားက
ပြည်နှင်ဒဏ်ပေးခြင်းအရ
ဝေကွားသွားကြတာရှိတယ်
ဓနဂုဏ်ရည်ပြိုင်ပွဲမှာ
ဂိုးပြတ်ရှုံးသူတွေလည်းရှိတယ်
နားလည်မှူးတွေ လွဲမှားလို့
ဘ၀ခြားသူတွေလည်းရှိတယ်
ချစ်လျှက်နဲ့ဝေး
နီးလျှက်နဲ့ဆွေးရတာလည်းရှိတယ်
လှပခြင်းတခုက
သတ္တိကိုဖမ်းစားခိုက်
အနားဂါတ်တွေချောက်ထဲခုန်ချ
အိမ်မက်တွေတောခို
လမ်းပျောက်နေတဲ့အချစ်ကို
အရှင်လတ်လတ် မီးသင်္ဂြုဟ်ခဲ့တာလည်းရှိတယ်
(ဘယ်လိုရှိရှိ) အချစ်က
ဖီးနစ်ငှက်တစ်ကောင်ပါ
နှစ်ပေါင်းရာပြည့်လို့
မီးထဲခုန်ဆင်း
မရဏထံအသက်အပ်နှင်းရပေမယ့်
မီးပုံတွင်းထဲကပဲ
နောက်ဖိနစ်ငှက်တကောင်
ထခုန်ပျံသန်းလေ့ရှိတယ်
မီးလောင်ပြာကျသွားတဲ့
အချစ်ရဲ့ သဘ၀မှာလည်း
ဘယ်တော့မှမသေဆုံးနှိင်တဲ့
အချစ်ငှက်သစ်ကလေးတွေက
ထပ်ဆင့်ပျံသန်းတတ်တဲ့ သဘောပါ…..။



ညီးလေးတစ်ယောက်ရဲ့ ခံစားမှုကို ဘန်ကောက်မှာနေတဲ့ 
မာန်အောင်က ဦးဇင်းတပါးက ခံစားတင်ပြသွားသည်။
Ashinidamiczu99@gmail.com






‘ဗြောင်းပြန်နိယာမ’

အဆင်းအနံ့မရှိတဲ့

အချင်းသိပန်းကလေးတွေတောင်

တော်ဝင်အရေခြုံနေကြပြီ။

တောအုပ်ရဲ့ပြာယာခတ်သံတွေ

စမ်းချောင်းလေးတွေရဲ့ ရီမောသံတွေတောင်

ဆိတ်ကွယ်ပျောက်သုံးနေပြီ။

ဒဿဂီရိရဲ့ မျိုးဆက်သစ်တွေလည်း

အချစ်ခြံစည်းရိုးတွေကို ရိုက်ချိုးပြီး

နှလုံးသားအကျဉ်းခန်းထဲ တိုးဝင်နေကြပြီ။

ဆန်းသစ်လွန်းတဲ့ တီတွင်မှုတွေကြား

ရိုစင်တဲ့ ဘသာတရားတွေဟာလည်း

အရောင်အမျိုးမျိုးဆိုးလို့

လောကနိယာမတရားတွေတောင်

ဗြောင်းပြန်ဖြစ်နေကြပြီ။
Ashinidamiczu99@gmail.com