မာန်အောင်သဇင်ချစ်သူ မှ ကြိုဆိုပါသည်

Saturday 2 June 2012

မွေးရပ်ဌာနေ မာန်အောင်မြေသို့…..

မရောက်တာကြာပေမဲ့
သတိရမြဲပါ မွေးဌာနေ။
ငယ်စဉ်အခါက ပျော်ပါးခဲ့ရ
... သင့်ရင်ခွင်ပေါ်က
သူငယ်ချင်းများနဲ့တကွ
စိမ်းစိုစို အုန်းပင်တန်း။
 
ပင်လယ်ပြာပြာရဲ့ ရေလှိုင်းသံ၊
နွေးထွေးပျူငှာတဲ့ ပတ်ဝန်းကျင်တွေဟာ
ငါ့ဘဝ ငါ့ကမ္ဘာမှာ
မမေ့နိုင်စရာပါ။
သင့်ရင်ခွင် သင့်မြေပြင်က
သီးပင် စားပင်တွေကိုစားသုံး
ငါ့အသွေးငါ့အသက်ကိုဆက်
ငါ့ခန္ဓာ ကြီးထွားစေတဲ့အတွက်
ကျေးဇူးပဲ မေဃဝတီ။
 
ဒါပေမဲ့
အသက်အရွယ်ကြီးရင့်
ရေကြည်ရာမြက်နုရာ
ရှာဖွေရတဲ့အတွက်
သင့်ရင်ခွင် ကျောခိုင်းခဲ့ရတယ်လေ။
အခါအခွင့်သင့်ရင်ဖြင့်
သင့်ရင်ခွင်
နောက်တကြိမ် ပျော်မြူးခွင့်ရချင်တယ်။ ။
 
       စောငြိမ်းထွန်း(၂၁၊၅၊၂၀၁၂)

No comments:

Post a Comment