မာန်အောင်သဇင်ချစ်သူ မှ ကြိုဆိုပါသည်

Saturday 14 January 2012

အချစ်အတ္ထုတ်ပတ်နှင့်သူသဘော


လောကကို
အနုသယနယ်မြေဖြစ်လာဖို့
သမုဒယက အစပျိုးခဲ့တယ်။
အဲဒီအချိန်မှာ
ကျောက်ခေတ်လူသားတွေရဲ့
နှလုံးသားထဲမှာ
အချစ်သန္ဓေတည်ခဲ့တယ်။
အကြင်နာလက်သည်တွေလည်း
အချစ်ကို
လွတ်လပ်စွာမွေးဖွားပေးစေခဲ့တယ်
အဲဒီအချိန်ကစပြီး
အချစ်က ကမ္ဘာကြီးကို ရှင်သန်စေခဲ့တယ်။
ဒါကြောင့်လူသားတိုင်း အချစ်ရှိတယ်
အချစ်သူတိုင်း ခံစားဖူးတယ်
ကြွေကွဲဖူးတယ်
လွမ်းဆွေးဖူးတယ်
ဝန်ကျင်ကပစ်ပေါက်လိုက်တဲ့
စကားလုံးတွေကြားထဲ
အချစ်ကသေဆုံးသွားတာရှိတယ်
မပြည့်စုံခြင်းကံတရားက
ပြည်နှင်ဒဏ်ပေးခြင်းအရ
ဝေကွားသွားကြတာရှိတယ်
ဓနဂုဏ်ရည်ပြိုင်ပွဲမှာ
ဂိုးပြတ်ရှုံးသူတွေလည်းရှိတယ်
နားလည်မှူးတွေ လွဲမှားလို့
ဘ၀ခြားသူတွေလည်းရှိတယ်
ချစ်လျှက်နဲ့ဝေး
နီးလျှက်နဲ့ဆွေးရတာလည်းရှိတယ်
လှပခြင်းတခုက
သတ္တိကိုဖမ်းစားခိုက်
အနားဂါတ်တွေချောက်ထဲခုန်ချ
အိမ်မက်တွေတောခို
လမ်းပျောက်နေတဲ့အချစ်ကို
အရှင်လတ်လတ် မီးသင်္ဂြုဟ်ခဲ့တာလည်းရှိတယ်
(ဘယ်လိုရှိရှိ) အချစ်က
ဖီးနစ်ငှက်တစ်ကောင်ပါ
နှစ်ပေါင်းရာပြည့်လို့
မီးထဲခုန်ဆင်း
မရဏထံအသက်အပ်နှင်းရပေမယ့်
မီးပုံတွင်းထဲကပဲ
နောက်ဖိနစ်ငှက်တကောင်
ထခုန်ပျံသန်းလေ့ရှိတယ်
မီးလောင်ပြာကျသွားတဲ့
အချစ်ရဲ့ သဘ၀မှာလည်း
ဘယ်တော့မှမသေဆုံးနှိင်တဲ့
အချစ်ငှက်သစ်ကလေးတွေက
ထပ်ဆင့်ပျံသန်းတတ်တဲ့ သဘောပါ…..။



ညီးလေးတစ်ယောက်ရဲ့ ခံစားမှုကို ဘန်ကောက်မှာနေတဲ့ 
မာန်အောင်က ဦးဇင်းတပါးက ခံစားတင်ပြသွားသည်။
Ashinidamiczu99@gmail.com






No comments:

Post a Comment