မာန်အောင်သဇင်ချစ်သူ မှ ကြိုဆိုပါသည်

Friday 16 December 2011

အကျွန်ရို့မြို့



 " မေဃ၀တီ" နာမ မည်က
မိုးများ ပြည့်ဝှန်
သွန်းဖြိုးဟန်ကြောင့်
ခေါ်ဝေါ် သမုတ်
သည် ဂုဏ်ပုဒ်။
"စတုပါဒ်" နာမ
လေးထောင့် လှနန့်
လေးဖက်သဏ္ဍန်
သူပုံစံက
ကြွရွဟန်ပန် ထည်ဝါပြန်၏။
ရာသီကာလ
ညီမျှတ လို့
ပန်းမျိုးဝီဆာ
လှပသာလို့
ဘေးရန်မသန်း
အီးချမ်းခလို့
နာမတွင်စွာ " ကျွန်းသာယာ"။
ချောလှဘရဏီ ကေသီယမင်း
ရွှေစင်မယ် ဒေ၀ီအဆင်းရို့
များမြောင်လှလို့
သတ်မှတ်ခေါ်ငင်
"မိန်းမ,လှကျွန်း" တွင်၏။
တပါးလူမိတ် စိုးမည်စိတ်ကြောင့်
လီကြောင်းဆောင်ခ ပြည်ဒွါရကို
သည်မှာကွယ်ဝှက် ဥာဏ်လှည့်ကွက်ဖြင့်
ဘာယာဘေးရန် မာန်အောင်ဟန်ကို
ထောက်ရှု ကြောင်းပြု
ကမ္ဗည်းထုသည် "မာန်အောင်ကျွန်း" ဟုတွင်လီ၏။

သိရီစောခြိမ့်

No comments:

Post a Comment