မာန်အောင်သဇင်ချစ်သူ မှ ကြိုဆိုပါသည်

Friday 16 December 2011

ဇာကြောင့်မသိ...

ကိုယ့်ကိုကိုယ်တောင် နားမလည်နိုင်
သူများကို နားလည်ပီးဖို့ ကြိုးစားမိရေ...
ကိုယ့်ဒုက္ခကို သတိမထား
သူများအပူကို ကုစားပီးဖို့ စိတ်ဝင်စားမိရေ...
ကိုယ့်ဝမ်းက မဝ
သူများပဇကို မျှတဖို့ ကြိုးစားမိရေ...
ကိုယ့်ပန်းတိုင်က ယိုင်နဲ့နဲ့
သူများမျှော်လင့်ချက်ကို အားဖြည့်ဖို့ ရှေ့တိုးမိရေ...
ကိုယ့်ဘ၀က မချိတရိ
သူများဘ၀ကို လက်ကမ်းဖို့ လှမ်းမိရေ...
ကိုယ့်ဘ၀က ရုန်းပမ်းရင်းနန့် လူလုံးမလှ
သူများဘ၀ကို သာယာဖို့ တောင်းဆုပြုမိရေ...

သိရီစောခြိမ့်

No comments:

Post a Comment